DCF Free Movie Website !

HK Movies

Till Death Shall We Start (1990)

​သူဝေဟာ လူပျိုကြီးဘဝနဲ့ သေဆုံးသွားပြီးနောက် ဘဝမကူးနိုင်ဘဲ ယင်းထောင်ကွေ့ (ချယ်ရီသီးသရဲ) အဖြစ်နဲ့ လူ့လောကမှာ လှည့်လည်နေခဲ့ရပါတယ်။ သူဟာ မြေအောက်လောကကို မသွားရသေးခင်ကာလမှာ အသက်ရှင်စဉ်က မပြည့်ဝခဲ့တဲ့ လူပျိုကြီးဘဝမှ ကျွတ်လွတ်ချင်တဲ့ ဆန္ဒပြည့်မြောက်ရန်အတွက် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ သူဟာ အပျိုစင်မိန်းကလေးတစ်ယောက်ကို ပန်းဦးဆွတ်နိုင်မှသာ ယင်းထောင်ကွေ့ဘဝမှ ကျွတ်လွတ်ပြီး လူအဖြစ်ပြန်ဝင်စားနိုင်မှာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် သူဝေတစ်ယောက် ကျန်ရှိတဲ့အချိန်ကို အကျိုးရှိရှိအသုံးပြုပြီး အပျိုစင်မိန်းကလေးကို ရှာပုံတော်ဖွင့်ပါတော့တယ်။ တစ်ဖက်မှာလည်း အားလွမ်နဲ့ လီဆာတို့ ချစ်သူနှစ်ဦးဟာ လက်ထပ်ဖို့ ပြင်ဆင်နေကြပြီး သူတို့ဘဝဟာ ပုံမှန်အတိုင်းပဲ သာယာနေခဲ့ပါတယ်။ သို့သော် မင်္ဂလာဆောင်ရန် နှစ်ပတ်သာလိုတော့တဲ့အချိန်မှာတော့ သူဝေဟာ မတော်တဆ လီဆာ၏အိမ်သို့ရောက်ရှိလာခဲ့ပြီး လီဆာဟာ အပျိုစင်တစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိသွားခဲ့ပါတော့တယ်။ ထိုအချိန် မှစပြီး အားလွမ်နဲ့ လီဆာဆီမှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။ သူဝေဟာ လီဆာနဲ့ အားလွမ်ရဲ့ တည်ငြိမ်နေတဲ့ ဘဝထဲကို ဝင်ရောက်လာပြီး နည်းလမ်းမျိုးစုံနဲ့ အနှောက်အယှက်ပေးကာ လီဆာရဲ့ အပျိုစင်ဘဝကို ရယူရန် ရယ်စရာကောင်းတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပါတော့တယ်။ သူဝေ တစ်ယောက် သူဆန္ဒတွေ ပြည့်မြောက်ပြီး လူအဖြစ်ပြန်ဝင်စားနိုင်မလားဆိုတာကို ဇာတ်ကားလေးနဲ့အတူ ရယ်မောခံစားပေးပါဦးနော်.....

Best Movies

You May Also Like

  • hd
  • 89 min 8.5
  • hd
  • 89 min 8.5
  • hd
  • 89 min 8.5
  • hd
  • 89 min 8.5